Dec 15, 2007

>

မာတိကာတွေ များတဲ့အိမ်

(၁)
ရိုးရိုးပဲပြောပေါ့
အချစ်က ပန်းသီးဆိုလည်း
ခွဲစားဖို့တော့ ဓါးလိုမှာပဲ။

(၂)
လာခဲ့လေ
အိပ်မက်မှာ တွေ့ချင်ရင်
ညတစ်ညတော့ လိုမှာပဲ။

(၃)
ကောင်မလေး
သစ်ရွှက်ကြွေတာတောင် ရင်ခုန်ရင်
ချစ်တတ်ဖို့ အသည်းနှလုံးတော့ လိုမှာပဲ။

(၄)
ဆုတောင်းလိုက်ပေါ့
မင်းနဲ့သာ ဘ၀ဆက်တိုင်း ဆိုရင်
ကမ္ဘာတွေ အသင်္ချေတော့ လိုမှာပဲ။

(၅)
စိတ်ကူးတော့ ယဉ်ပေါ့
အချစ်ကို သွားတော့မကစားနဲ့
များလွန်းတဲ့ မာတိကာတွေက
မင်းကို အသည်းခွဲမှာတော့ သေချာတယ်။

2 comments:

Chaos said...

စိတ်ကူးတော့ ယဉ်ပေါ့
အချစ်ကို သွားတော့မကစားနဲ့
များလွန်းတဲ့ မာတိကာတွေက
မင်းကို အသည်းခွဲမှာတော့ သေချာတယ်

အချစ်ကို အချစ်သက်သက်ပဲမြင်ပီး
အသည်းကွဲမှာကို
ပုံစံခွက်တစ်ခုထဲ ထည့်ကြည့်လိုက်ရင်...................

Chaos said...

စိတ်ကူးတော့ ယဉ်ပေါ့
အချစ်ကို သွားတော့မကစားနဲ့
များလွန်းတဲ့ မာတိကာတွေက
မင်းကို အသည်းခွဲမှာတော့ သေချာတယ်

အချစ်ကို အချစ်သက်သက်ပဲမြင်ပီး
အသည်းကွဲမှာကို
ပုံစံခွက်တစ်ခုထဲ ထည့်ကြည့်လိုက်ရင်...................