Jan 8, 2008

>

မျက်ဝန်းစိမ်း


မျက်ဝန်းစိမ်းနဲ့ ငါ့ကိုကြည့်တယ်...
သီချင်းတော့ မဟုတ်ဘူး
ငါ့ရင်ထဲကို ဆူးစူးသလို
မျက်ဝန်းစိမ်းစိမ်းနဲ့ ကောင်မလေးရယ်...
နာကျည်းတာလား၊ မုန်းတာလား။
ဝေခွဲမရမျက်ဝန်းတွေ
ငါ့ကို အရည်ပျော်စေတယ်ကွယ်။ ။

အလွမ်းဒဏ်သင့်
မျက်ဝန်းတဆင့်မှသည်
ဥပက္ခာတွေ၊ အခြွေရံပေါင်း
ထောင်သောင်းမက
ဒီရင်ကိုသာ အငြိုးကြီးစွာ
ဆူးစိုက်လေပြီ။ ။

အကြီးကျယ်ဆုံး ဆုံးရှုံးခြင်းသာ
မျက်ရည်အဖြစ် စီးဆင်းသော်ငြား
သူသနားကာ ပြန်လှည့်ကြည့်သည်
သို့သော်... မျက်ဝန်းစိမ်းနဲ့သာ။ ။

အစ်ကို မျှားပြာ ဆီသို့ လက်ဆောင်ပေးထားသော ကဗျာဖြစ်ပါသည်။

4 comments:

မျှားပြာ said...

ကျေးဇူး ညီလေးရေ .. ကဗျာလေးကို သိမ်းထားပါမယ်။
အဆင်ပြေပါစေ။

Su said...

ကဗျာလေးကမိုက်တယ်နော် အလန်းဘဲ

Kaung Kin Ko said...

ကဗျာလေးကောင်းတယ်။ ညီလေးတို့ နှစ်ယောက် အသည်းကွဲနေကြတာလား။ ရေးတဲ့သူကော၊လက်ဆောင်အပေးခံရတဲ့သူကော။ ဟီးဟီး ခံစားချက်တွေပီပြင်လို့ ။

ပန်းခရေ said...

ကောင်းတယ်..သားဖြိုး..
မျက်လုံးစိမ်းနဲ့ကြည့်လို့ကတော့
ငါကငိုလိုက်မယ်..ဟဲ...
ကြည့်လည်း..မကောင်းဘူး..အကြည့်ခံရလဲမကောင်းဘူး
ဘယ်သူ့ကိုမှမျက်ဝန်းစိမ်းနဲ့..မကြည့်နဲ့..ဟိဟိ
ကောင်းတယ်ဟာ..အားပေးတယ်