Jan 10, 2008

>

ပြင်သစ်ရောက် မယ်မ


ရွာတောလေးကို နင်မေ့သွားတယ်...

ညည ငါ့မယ်ဒလင်လည်း
ကီးတွေကြောင်ပေါ့။ ။

ငေးငိုင်စွာ ကုက္ကိုပင်အောက်
ပြန်မရောက်တဲ့ နင့်အတွက်
လေးလံစွာ ကဗ္ဗည်းထိုးခဲ့တယ်။ ။

တကောက်ဖာလေး ခေါင်းပေါ်ရွက်
နင်မြို့ပေါ်တက်သွားတာ
အတော်ကြာရော့နော်။ ။

ကြုံလေအုံးပေါ့ ကံဆိုတာရယ်
ရွာဦး ဘုန်းဘုန်းကောင်းမှုတွေကြောင့်
ပျို့မောင်ကြီးတစ်ယောက်
မြို့ရောက်ပါဘိ။ ။

အမယ်လေး...
ရောင်စုံတွေများ လူတွေကြားထဲ
ဘာတဲ့ အကြော်စုံရမယ် အကြော်စုံ အကြော်စုံ
မယ်မ ရယ်။ ။

နင်ပြောတော့ ပြင်သစ်ဆို
ခုမှပဲ နားလည်တော့တယ်
အကြော်စုံကို ပြောတာကိုး။ ။

ကိုရွာသား အတွက် အမှတ်တရလက်ဆောင် ကဗျာလေးပါ။ ဘယ်သူ့ကိုမှ ရည်ရွယ်ထားခြင်း မဟုတ်ပါ။

1 comment:

Kaung Kin Ko said...

ဟားဟား။ ရေးဟန်ကလေး သွက်လိုက်တာကွာ။ ညီလေးက အသော့ကော အလွမ်းကော နိုင်သားပဲ။