Dec 29, 2007

>

ဘကုန်း နဲ့ ၀လုံး

မှန်တစ်ချက်ကို ယူကြည့်
မင်းကိုယ်မင်း မှန်ပြီလားလို့...

ဘ၀ဆိုတာ လွယ်တယ်ထင်ရင်ရေးကြည့်
ကုန်းပြီး ၀ိုင်းနေလားလို့...

မင်းတွေ့လား
ရှေ့မှာ အနာဂတ်ရှိပေမယ့်
မင်းနောက်က အတိတ်တွေလိုက်နေတယ်
မင်းကိုယ်မင်း မှန်ခဲ့ရဲ့လား။

ဝလုံးက ရှေ့ကပြေးနေပေမယ့်
ဘကုန်းက မင်းနောက်လိုက်နေတယ်နော့်။

စဉ်းစားအုံး...
မှန်တယ်ထင်ရင်တော့ ဆက်လုပ်ပေါ့။

2 comments:

မင်းကျန်စစ်။ said...

ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ဖို့ သတိပေးလိုက်တဲ့ ကဗျာလေးပဲဗျာ။ ပေါ်လွင်လှပါတယ်။ ပြန်စမ်းစစ်ရင်း အမှားမြင်ရင် အမှန်ပြင်ဖို့ လိုတာတော့ အမှန်ပဲ။ အားပေးနေမယ် သူငယ်ချင်း…

သဇင်ဏီ said...

အင်း..
ဘကုန်းနဲ့ဝလုံး ၂လုံးထဲမို့တော်တော့တယ်...