Dec 29, 2007

>

ရင်တွင်းစကား


မျက်ဝန်းရေ....မငိုနဲ့တော့
ငါ့ဒါဏ်ရာက မင်းထက်ပိုပါတယ်။

မင်း ငိုပေးယုံနဲ့
ငါဖြေသိမ့်တဲ့ ညတွေ
ရေတွက်လို့ မရခဲ့ပါဘူး။

နေ့တွေ တရွေ့ရွေ့ဖြတ်ခဲ့တာ
ခုဆို နှစ်တွေကူးလာပြီ။

အသည်းနာတယ်...
ရင်ကွဲပတ်လက်
ကြေကွဲရက်တွေ
တစ်စစနဲ့ လောင်မြိုက်တဲ့ရင်...
နာကျင်ပါစေတော့လေ။

ရှုံးပြီးရင်းရှုံး
အမုန်းနိဂုံးနဲ့
အဝေးဆုံးကို ပြေးထွက်သွားတာ
နှစ်နှစ်ရှိပြီနော်။

မေ့ပစ်ဖို့
ဒီရင်ကို ဘယ်လိုအမိန့်မျိုး
ပေးရပါ့မလဲ။

အိပ်မက်တော့ မဟုတ်ခဲ့ပါဘူးလေ။
နိုးလာတော့
ငါ့မျက်ဝန်းမှာ မျက်ရည်တွေနဲ့။

မငိုပါနဲ့တော့ မျက်ဝန်းရယ်...
ငါ့ဒဏ်ရာက မင်းထက်ပိုပါတယ်။

5 comments:

ပန်းခရေ said...

ကောင်းတယ်..သားဖြိုးရယ်
နင့်ရင်တွင်းစကားကို သူလည်းကြားနိုင်မှာပါ
မငိုနဲ့တော့နော်
နင့်တို့၂နှစ်ပြည့်ပေါ့...
ဟဟဟဟ
မခရေ

သဇင်ဏီ said...

ငိုနဲ့တော့နော်.. တိတ်...တိတ်.. အဆင်ပြေပါစေ

Anonymous said...

် ဒီ ကဗျာလေးကောင်းတယ်ဗျို့..........
အဝေးဆုံးကို ပြေးထွက်သွားတာ
နှစ်နှစ်ရှိပြီပေါ့ လေ........။

Kaung Kin Ko said...

မျက်ဝန်းရေ....မငိုနဲ့တော့
ငါ့ဒါဏ်ရာက မင်းထက်ပိုပါတယ်။

မင်း ငိုပေးယုံနဲ့
ငါဖြေသိမ့်တဲ့ ညတွေ
ရေတွက်လို့ မရခဲ့ပါဘူး

မိုက်တယ်ဗျာ။ တင်စားမှုလှတယ်။

ဘကြီးအောင် said...

ကိုသားဖြိုးရေ ရင်တွင်းကစကားကိုကြိုက်တယ်ဗျာ မျက်ဝန်းချင်းကိုယ်ချင်းစာမိလို့ပါဗျာ အချိန်ဆိုတာ မျက်ဝန်းအတွက်ဆေးဖြစ်ပါစေဗျာ...