ခုဆို မေမေမွေးခဲ့တာ
သားအသက် ၂၁နှစ်ရှိပြီ။
အမေ့မျက်နှာ ညိုးရင်း၊ ငယ်ရင်းက
သား... လူလားမြောက်ခဲ့တာ။
အမေ...
မျက်ရည် သိုသိပ်
အံကိုကြိတ်ကာ
နွေတွေ၊မိုး ဆောင်း
အချိန်တိုင်းပြောင်းလည်း။
ဒီမှာ... ငါ့သား
လောကအလည်
မားမားလျှောက်လို့
ဘုရားကို သိ
သစ္စာရှိဖို့ အမေသင်ခဲ့မယ်သား။
သတ္တိကိုမွေး
ရင်ထဲအေးဖို့
အမြဲဆုတောင်းပါသား။
တစ်နေ့တော့သွားရမှာပဲ
တွေးကြောက်ဖို့ထက်
အသိရှိဖို့တာကြိုးစားနော်..သားတဲ့။
(အမေ သားအားလုံးကို ပြန်ကြားနေရတယ်ဗျာ)
Dec 27, 2007
>
အမေပေးတဲ့ အသိတရား
Subscribe to:
Post Comments (Atom)
2 comments:
ညီလေးရဲ့ ၂၁ နှစ်ပြည့် ကဗျာနဲ့ အစ်ကို့ရဲ့ ၂၆ နှစ်ပြည့် ကဗျာ ယှဉ်ပြီး ဖတ်ကြည့်နေမိတယ်။ ကောင်းပါတယ် ကဗျာလေး။ ယှဉ်ပြီး ဖတ်တယ်ဆိုတာ ကောင်းမကောင်းကို ပြောတာ မဟုတ်ဘူးနော်။ စိတ်ခံစားမှုချင်းကို ပြောတာပါ။ အရွယ်တခုရဲ့ အမြင်ကွာခြားမှုကို ယှဉ်ကြည့်တာပါ။
ကဗျာဆိုတာ လောကအတွက် ရတနာ လေ..ယုံကြည်ရာကို ပြော တာပါ။
Post a Comment