သြော်...
ခုံတန်းလေးလည်း
နှင်းတွေစိုလို့...
ချယ်ရီတွေတောင်
မင်းမမွှေးတော့
နွမ်းနေပါရော့လား...
တိမ်ပြာတွေ
ကောင်းကင်ဆီမှာတဲ့လေ
ငါ့အတွက် ညိုမည်းစွာ
ငိုပေးကြတော့မယ်...
ချိုလဲ့လဲ့ အပြုံးရိပ်တွေ
နံရံတွေမှာ ကပ်လျက်
ငါ့အခန်းကို တိတ်ဆိတ်စေတယ်...
အပြုံးမရှိတဲ့
နှုတ်ခမ်းထက်မှာ
မင်းနာမည်သာ
ပေကျန်နေပါရော့လား...
အထပ်ထပ်အော်ညည်းတဲ့
အလွမ်းသီချင်းတွေ
မှိုတက်လို့ တိပ်သားတွေပါ
ပေါက်ပြဲနေပြီချစ်သူ...
အချစ်ငှက်ငယ်ရေ...
နှလုံးသားကို သယ်ယူ
အလွမ်းတွေကို သူသိအောင်
သူရှိမယ့် နေရာထိလိုက်ပြီး
ပြောပေးပါလားဗျာ
ခံနိုင်ရည်အားတွေ ကုန်ခမ်းနေပြီလို့....
Jan 4, 2008
>
အဝေးရောက်...တစ်ယောက်ဆီသို့
Subscribe to:
Post Comments (Atom)
2 comments:
ကဗျာလေးကသနားစရာလေးနော်...
ခံစားလို့ရတဲ့အရေးအသားကောင်းပါ
ကဗျာအသစ်တစ်ပုဒ် နောက်ထပ်ရေးထားပါလား။ ကဗျာလေးကထိတယ်။
အစ်ကို့ blog ကဗှာတွေကို တိုက်ရိုက်သွားတဲ့ page မှာ link ထားပြီးပြီနော်။ :-)
Post a Comment