Jan 5, 2008

>

ဂစ်တာတီးတဲ့ ကောင်မလေး

အတွေးထဲ မင်းရှိနေသရွေ့
ငါညည်းအုံးမယ်... ဂစ်တာလေးနဲ့
အလွမ်းသီချင်း။

မျက်ရည်စက်တွေ
ဂစ်တာလေးပေါ်ကျသရွေ့
သံစဉ်တွေ
မင်းကို မကျေနပ်ဘူးဆိုတာ
ငါသိနေတယ်။

ဘ၀နဲ့လဲခဲ့တယ်လေ...
ဂစ်တာလေးလည်း
ဆွေးမြည့်လို့ ကြေနေပါပြီ။

သူ့ပိုင်ရှင်လည်းမရှိတော့
ဂစ်တာပေါ်လက်တင်လိုက်တာနဲ့
ငိုကြွေးခြင်းသာ။

သိရဲ့လား...
မင်းကို သူစောင့်နေတာလေ
အမှတ်တရသီချင်းလေးတွေ
ပေး..ပေးခဲ့တဲ့ မင်းကို
သူစောင့်နေတယ်။

မင်းဆိုပြတဲ့ အချစ်သီချင်းတွေ
ငါတီးခွင့် မရှိပါဘူး။

ငါတီးလိုက်တိုင်း
ကြိုးတွေ ပျက်...ပျက်သွားတယ်။

ယုံပါပြီ...
မင်းပေးခဲ့တဲ့ ဂစ်တာလေးက
တကယ်ကို သစ္စာရှိပါတယ်။

ပြန်လာပါချစ်သူရယ်...
အချစ်သီချင်းတွေ
ဆိုချင်လှပါပြီ။

မင်းရဲ့ ဂစ်တာငယ်လေးလည်း
အထိနာလှပါပြီ
ပြန်လာခဲ့ပါတော့နော်။

မဖြစ်နိုင်ပေမယ့်
တောင်းဆိုပါရစေနော်
ခဏလောက် ဖြစ်ဖြစ်တော့
ငဲ့ကြည့်လှည့်ပါ။

ငါ့ထက်...
မင်းဂစ်တာလေးက
အရမ်းကို ငိုနေတယ်ကွယ်။ ။

ကျွန်တော် ဆက်ရေးချင်ပေမယ့် ရင်ထဲက လုံးဝမထွက်တော့လို့ပါ။ ဂစ်တာလေးကို အရမ်းသနားမိလို့။ ပြန်မလာနိုင်တော့ဘူးဆိုတာ သူဘယ်သိပါ့မလဲဗျာ။ ဒီကဗျာလေးကို ရေးရင်း ကျွန်တော်ပါ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်ဗျာ။


6 comments:

မင်းကျန်စစ်။ said...

ဂစ်တာပုံလေး တင်မပေးနိုင်ပေမယ့် ကဗျာလေးကိုက ကောင်းနေတော့ ပြည့်စုံပါတယ် ညီလေးရေ။ ညီလေးနဲ့ ထပ်တူ ခံစားသွားတယ်ကွာ။ အကိုလဲ တွေ့တာနဲ့ ပေးလိုက်ပမယ်။

Sophie said...

အစ်ကိုရေ.........သူမြန်မြန်ပြန်လာစေဖို့ ဆုတောင်းပေးမယ်နော်။ ပြန်တွေ့လို့ buy one get three ဆိုရင် ဘယ်လိုလုပ်မလည်း။ စတာနော် အစ်ကို။း-)

Sophie said...

ကောင်းတယ် အစ်ကိုရေ...များများရေးနော်

Anonymous said...

ကဗျာလေး အရမ်းကောင်းတယ် ညီလေးရဲ့ ခံစားချက်တွေ ကိုမြင်သာအောင်ရေးနိုင်တယ် ..အားပေးနေတယ်
ပျော်ရွှင်ပါစေဗျာ

Kaung Kin Ko said...

ကဗျာလေးကောင်းလိုက်တာ။ ဖတ်ပြီးလွမ်းသွားလိုက်တာ။

Emily said...

ကောင်းမှကောင်းပဲဗျာ ....ကျွန်တော် မျောပါသွားတယ် ဂစ်တာငယ်ရဲ့ သံစဉ်မဲ့ အလွမ်းတွေကြားမှာ